~ ♠ @ ♠ ~ မိတ်ဆွေ တို့၏ လုပ်ငန်း ဆိုင် ကြော်ငြာ လို သော အ ကြောင်း အ ရာ များ ကို internet website     တွင် စာ တစ် မျက် နှာ အ ပြည့်အ ခ မဲ့ ကြော်ငြာ ( Free Advertising For You ) ♥ ထည့် ပေး နေ ပါ သည် ~ ♠ @ ♠ ~ လုပ်ငန်း ဆိုင် ကြော်ငြာ များ ကို Video ◊ ဖြင့် ကြော်ငြာ ထည့် နိုင်   ပါ ပြီ ~ ♠ @ ♠ ~
 


{ HOME }      { KNOWLEDGE }
Print this pageAdd to Favorite
 
 

   <<- မင်္ဂလာ  ပါ ခင်ဗျား   ~ @ ~ ၀င်ရောက် ကြည့်ရှု ခြင်း အတွက် များစွာ ကျေး ဇူး တင် ပါ တယ် ။ အချိန် မျှဝေ ပေး နိုင် မည် ဆို လျှင် ဧည့်သည်မှတ်တမ်း (Guest book) မှာ မှတ် ချက် တစ်စုံ  တစ်ခု ရေး ပေးပါ ရန် မေတ္တာ ရပ် ခံ တောင်း ဆို ပါ ရ စေ ~ @ ~  thank you .. .

 
 
 
    
 
 
 
 
~ ♠ @ ♠ ~  ၀ါသနာ ရှင် များ ၊ စိတ် ပါ ၀င် စား သူ များ ကို ဖိတ် ခေါ်ပါ သည် ။ ~ ♠ @ ♠ ~
 

    
 . . . . . . . . . . . . . . . . . . . . . . . . .
     
 
 
 
 
GoDaddy.com Hosting just $1.99/mo! 120x60
.
 
 

 
  << ဝေဖန် / အကြံပြု လိုပါလျှင် >>
 
 
 
 
 
    တရုတ်ပြည်မှ လမ်းလျှောက် ထွက်ပြေးခြင်း
    ( ၀င့်ထန်း )
 
 
 
 
 

               Liao Yiwu
 
 
    တရုတ်နိုင်ငံ အနောက်တောင်ဘက်က ယူနန်ပြည်နယ်ဟာ တိုင်းပြည်ကနေ ထွက်ပြီး ဘ၀သစ်
စလိုတဲ့ တရုတ်တွေ အတွက် အမြဲတမ်း ထွက်ပေါက် တစ်ခု ဖြစ်နေ ခဲ့ပါတယ် ။ ယူနန်ပြည်နယ် ရဲ့
သက်နု သစ်တောတွေကိုဖြတ်ပြီး ကုန်းလမ်းခရီးနဲ့ တရုတ်နိုင်ငံထဲက ခိုးကြောင်ခိုးဝှက် ထွက်သွားနိုင်ပါတယ်။
  လန်ချမ်းမြစ်အတိုင်း စုန်ဆင်းပြီး မဲခေါင်မြစ်ထဲ ကွေ့ကောက်စီးဝင်သွားတဲ့ ရေကြောင်းလမ်းကလည်း
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ကို ပေါက်အောင် သွားနိုင်ပါတယ်။
   အဲဒီနေရာတွေကို တစ်ကြိမ်စီ ကျနော် ဖြတ်သန်းခဲ့ပါတယ်။ နေပူကျဲကျဲ အနီရောင်
သဲမြေပေါ်မှာ မနားတမ်း လျှောက်လှမ်းခဲ့ရတယ်။

အဲဒီအချိန်မှာ ကျနော်စိတ်ကူးအတွေးတွေကလည်း ရူးသွပ်လို့နေပါတယ်။

   ၁၉၈၉ ခုနှစ် ကျောင်းသား ဆန္ဒပြပွဲကို တရုတ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်မှုအပေါ်
ရှုတ်ချတဲ့ ကဗျာတစ်ပုဒ် ရေးမိလို့ ထောင် လေးနှစ် ကျခဲ့တယ်။ အဲဒီနောက် တရုတ်ကနေ
ထွက်ခွာခွင့် လျှောက်တာ ၁၆ ကြိမ်တိုင်တိုင် ကျနော် ငြင်းပယ် ခံရပါတယ်။
  ပြင်ပကို မဖြစ်မနေထွက်ဖို့ အခြေအနေ ဖန်လာပါတယ်။ ပတ်စပို့နဲ့ ဗီဇာမရလည်း
ဘာကိစ္စရှိမလဲ။ အိပ်ထဲ ပိုက်ဆံရှိရင် ဘယ်ဖြစ်ဖြစ် သွားလို့ရတာပဲ။

ဆဲလ်ဖုန်းကို ပိတ်ပစ်လိုက်တယ်။
ဆက်သွယ်ရေး အားလုံး ဖြတ်ပစ်လိုက်ပြီး တောထဲ တိတ်တဆိတ် ၀င်ခဲ့တယ်။
ကိုယ့်ကို အကူညီပေးလိုတဲ့ လယ်သမား သို့မဟုတ် မှောင်ခိုသမားဆီမှာ တည်းနိုင်တယ်။
ဈေး စကားပြောပြီးရင်၊ သာမန် လူတွေနဲ့ တစ္ဆေသရဲတွေတောင် မသိနိုင်တဲ့
လျှို့ဝှက် တောလမ်းကြားကနေ တရုတ်ပြည်ကို နှုတ်ဆက် ကျောခိုင်းသွားနိုင်ပါတယ်။

  တကယ်တော့ ဒီနှစ် အစောပိုင်းထိ၊ ပြင်ပထွက်ပြေး လွတ်မြောက်လိုတဲ့
ဆန္ဒကို ကျနော် ငြင်းဆန်ထားပါတယ်။ အပြင်ထွက်သွားမယ့်အစား၊ ပြည်တွင်းမှာပဲနေပြီးလူ့အဖွဲ့အစည်းရဲ့
အောက်ဆုံးဆင့်က လူတွေရဲ့ ဘ၀တွေကို ဆက်မှတ်တမ်းတင်နေတာ ကောင်းမယ်လို့ပဲ တွေးပါတယ်။

    ဒါပေမဲ့ မဖြစ်မနေ ပြင်ပထွက်ဖို့ အကြောင်းဖန်လာတာက အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီ
ဆန္ဒပြပွဲတွေကြောင့်ပါပဲ။ အာရပ် တော်လှန်ရေး သတင်းတွေ အင်တာနက်ပေါ် ရောက်လာပြီး၊ တရုတ်
လမ်းကြိုလမ်းကြားတိုင်းမှာ အလားတူ ဆန္ဒပြပွဲမျိုးတွေ ဖြစ်အောင် လှုံဆော်မှုတွေ ဖြစ်လာပါတယ်။

    ဖေဖော်ဝါရီနဲ့ မတ်လထဲမှာ မြို့ကြီး တစ်ဒါဇင်ကျော်က ရှု့ပ်ရှက်ခပ်နေတဲ့ ကုန်သွယ်ရေး
စင်တာတွေနဲ့ တိုးရစ်ဇုံတွေမှာ တနင်္ဂနွေ နေ့လည်တိုင်း ငြိမ်းချမ်းတဲ့ စုဝေးမှုတွေ ပုံမှန် ထွက်ပေါ်လာတယ်။
အစိုးရက  ထိတ်ထိတ်ပြာပြာဖြစ်ပြီး၊ ဇာတ်တိုက်ထားတဲ့ လုံခြုံရေးတွေ တစ်နိုင်ငံ လုံး ချထား လိုက်တယ်။
စစ်သားတွေက အရပ်ဝတ်လဲပြီး သေနတ်တွေဖွက် စောင့်ကြည့်နေပါတယ်။

သံသယရှိတယ်လို့ ယူဆသူတိုင်းကို ဆွဲဖမ်းပါတယ်။

  အဲဒီကာလအတွင်း တူနီးရှားက စပယ်တော်လှန်ရေးနဲ့ ပတ်သက်သမျှ စကားလုံးတိုင်း၊ ၀ါကျတိုင်း၊
မက်ဆေ့ခ်ျ တိုင်းကို အင်တာနက် search engine မှာ ရှာမရအောင် ဆင်စာတွေပိတ်ထားတယ်။

လူ့အခွင့်အရေး ရှေ့နေတွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေကို ရဲတွေက ၀ိုင်းပတ်ထားပါတယ်။
တရုတ် ဒီမိုကရက်တစ် ပါတီ ဖွဲ့ဖို့ ကြိုးစားလို့ ထောင် ၉ နှစ် ကျခဲ့တဲ့ လျူရှန်ဘင်း ကို ထောင် ၁၀ နှစ် ထပ်ချလိုက်ပါတယ်။
နာမည်ကြီး အနုပညာရှင် အိုင်ဝေေ၀ ဟာ ဧပြီလကနေ ဇွန်လလယ်အထိ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ နေနေရပါတယ်။

  ခေတ်မမှီတဲ့ စာရေးဆရာ ကျနော်ဟာ   ( web ) လှိုင်းကို စီးခဲလှပါတယ်။ ဒါကြောင့်မို့
အာရပ်တော်လှန်ရေးက ကျနော်နဲ့ မဆိုင်သလို ဖြတ်သန်းသွားပါတယ်။ ဒီလို ဘေးထွက်ထိုင်နေပေမဲ့လည်း
ကျနော့်ကို ရဲတွေက ချမ်းသာ မပေးပါဘူး။ လုံခြုံရေး ရဲတွေက ကျနော့် စာအုပ်တွေဟာ ဂျာမဏီ၊ ထိုင်ဝမ်နဲ့
အမေရိကတို့မှာ  ထုတ်ဝေတာကို သိထား ပါတယ်။ မကြာ ခဏ ကျနော့်ဆီ ဖုန်း တဂွမ်ဂွမ် ဆက်လိုက်၊
လာ ကြည့်လိုက် လုပ်ပါတယ်။

   မတ်လထဲမှာ ကျနော့်ကို မျက်ခြေပြတ်မခံတဲ့ ရဲတွေက  ကျနော့် တိုက်ခန်း အပြင်ဖက်မှာ
အထိုင်ချပြီး၊ ကျနော့်ရဲ့ နေ့စဉ် အလုပ်တွေ စောင့်ကြည့်ပါတော့တယ်။ သူတို့က ကျနော့်ကို
"အနောက်မှာ ပုံနှိပ်တာဟာ တရုတ်ဥပဒေကို ချိုးဖောက်တာပဲ" လို့ ပြောပါတယ်။
 


 

      "အကျဉ်းထောင်မှတ်တမ်းစာအုပ်" ဟာ တရုတ် အကျဉ်းထောင် စနစ်ကို စော်ကားတာဖြစ်တယ်၊
'ဂေါ့ဒ် သည် အနီ' ဆိုတဲ့ စာအုပ်ဟာ ဘာသာရေးအပေါ်ထားတဲ့ ပါတီရဲ့မူဝါဒကို သက်သက်အမြင်
လွဲအောင်လုပ်ပြီး၊ မြေအောက်လုပ်နေတဲ့ ခရစ်ယာန် ကျောင်းတွေကိုမြှောက်ပေးထားတာလို့ ပြောပါတယ်။
အနောက်က ထုတ်ဝေသူတွေနဲ့ စာချုပ်ချုပ်ထားတာတွေ ကျနော် မဖျက်ဘူးဆိုရင်၊ ဥပဒေအရ အရေးယူ
ခံရမယ်လို့ သူတို့ ပြောလာပါတယ်။

အဲဒီအချိန်မှာ နယူးယော့ခ် ကမ္ဘာ့ကလောင်ရှင်များ ပွဲတော် (PEN World Voices Festival) ကိုတက်ရောက်ဖို့
အိန္ဒိယ-ဗြိတိသျှ စာရေးဆရာကြီး 'ဆလ်မန် ရုရှဒီ' ဆီက ဖိတ်စာ ရောက်လာပါတယ်။ချက်ချင်းပဲ
ဒေသ အာဏာပိုင်တွေဆီ ပြည်ပသွားခွင့် လျှောက်လွှာ တင်လိုက်တယ်။လေယာဉ်လက်မှတ်လည်း စီစဉ်ပြီးပြီ။
မထွက်ခင် တစ်ရက်အလိုမှာ ရဲအရာရှိတစ်ယောက် ကျနော့်ကို လက်ဖက်ရည်သောက်ဖို့ ခေါ်ပြီး၊ကျနော်
တင်တဲ့ သွားခွင့်ကို ငြင်းပယ်ကြောင်း ပြောတယ်။ တကယ်လို့ လေဆိပ်ကို သွားခဲ့ရင်၊ အိုင်ဝေေ၀ လိုပဲ
လေဆိပ်မှာ အဆွဲခံရမယ်လို့ ကျနော့်ကို သတိပေးပါတယ်။

စာရေးဆရာတစ်ယောက်အတွက်၊ အထူးသဖြင့် တရုတ်ပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဖော်ပြလိုတဲ့
စာရေးသူ တစ်ယောက်အတွက် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပုံနှိပ်ထုတ် ဝေခွင့်ဟာ ကိုယ့်ဘ၀ထက်တောင်
ပိုတန်ဖိုးကြီး ပါတယ်။ ကျနော့်ရဲ့ မိတ်ဆွေရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရ လျူရှောင်ဘို ဟာ သူ့ရဲ့
ရေးသားမှုတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှု အတွက် မြင့်မြတ်တဲ့ တန်ဖိုးတွေ ပေးခဲ့ရပါတယ်။ သူ့လမ်းကြောင်းကို
ကျနော် မလိုက်လိုပါဘူး။ ထောင်ထဲ ပြန်သွားလိုတဲ့ ရည်ရွယ်ချက် ကျနော့်မှာ မရှိပါဘူး။
အကျဉ်းထောင်နံရံတံတိုင်း ပြင်ပမှ လူတွေက 'လွတ်လပ်မှု သင်္ကေတ' အဖြစ် အမွှမ်းတင်ဂုဏ်ပြုတာတွေ
ခံယူချင်စိတ်လည်း ကျနော့်မှာ မရှိပါဘူး။

  တရုတ်ပြည်ဆိုတဲ့ ဧရာမ အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်နိုင်တဲ့ ကျနော့်အတွက် တစ်ခုထဲသော
နည်းလမ်းက လွတ်လွတ်လပ်လပ် စာရေးသားနိုင်၊ ထုတ်ဝေနိုင်ခြင်းပါပဲ။
  စီးပွားရေး တိုးတက်မှုဆိုတဲ့ အမြင်လှည့်စားမှု နောက်မှာ ဖုံးကွယ်ထားတဲ့ တရုတ်ပြည်ရဲ့ အစစ်အမှန်
ဘ၀အကြောင်းကမ္ဘာကြီးကို ပြောပြဖို့ ကျနော့်မှာ တာဝန် ရှိတယ်။
  သာမန် တရုတ်ပြည်သူ တစ်ဦးအတွက်ကတော့ မကျေနပ်မှုတွေ တငွေ့ငွေ့ လောင်နေဆဲမို့ အခြေအနေက
ဟိုးအရင်အတိုင်း မထူးမခြားနားပါပဲ။

ကျနော့် အစီအစဉ်ကို မြိုသိပ်ထားလိုက်တယ်။ ပုံမှန်အတိုင်း လေကြောင်းနဲ့ သွားဖို့ ရဲတွေဆီက ခွင့်ပြုချက်
တောင်းမနေတော့ပါဘူး။ကျနော့် အင်္ကျီတွေ ထုတ်ပိုးလိုက်တယ်။
တရုတ်ပုလွေ၊ တိဘက် အမှတ်အသားပါတဲ့ ပန်းကန်လုံးလေးနဲ့ ကျနော့်ရဲ့ ဆုရ စာအုပ်နှစ်အုပ်
'The Records of the Grand Historian'  နဲ့  'I Ching' တို့ကိုလည်း ထည့်လိုက်တယ်။
ရဲတွေ လစ်တဲ့အချိန်မှာ ယူနန်ဘက်ကို ခရီးနှင်ခဲ့ပါတယ်။

ပူလောင်အိုက်စပ်နေပေမဲ့၊ ဆောင်းတွင်းမှာ ပြေးနေတဲ့ ကြွက်တစ်ကောင်လို ခံစားမိပါတယ်။
ဖြစ်နိုင်သမျှ အနားယူ လဲလျောင်းရင်း ကျနော့်စွမ်းအင်တွေ ချွေတာပါတယ်။
လမ်းပေါ်က လူတွေနဲ့ ကျနော့် အချိန်အများစုကို ကုန်ခဲ့ရတယ်။
ဒီလူအုပ်တွေထဲ နက်နက်တူးမိရင် ကျနော့်အတွက် နောက်ဆုံး ထွက်ပေါက် တွေ့မယ်ဆိုတာ သိနေပါတယ်။

  ကျနော့် ပတ်စပို့ရယ်၊ ဂျာမဏီ၊ အမေရိက၊ ဗီယက်နမ် သံရုံးတွေက ခွင့်ပြုထားတဲ့ တရားဝင်ဗီဇာတွေရယ်ကို
ဖွက်ပြီး ကျနော့် စတင်ရွေ့ပါတယ်။ ဒီလို ထွက်ခွာဖို့ အစီအစဉ်ကို ပူးပေါင်းကူညီတဲ့ အနောက်က ကျနော့်
မိတ်ဆွေတွေနဲ့ ဆက်သွယ်နိုင်တဲ့ ဆဲလ်ဖုန်းကို ပိတ်ထား ပါတယ်။
 ရက်အတော်ကြာလာတော့ နယ်စပ်မြို့လေးတစ်မြို့ကို ကျနော် ရောက်လာတယ်။ အဲဒီမှာ ရေသွက်သွက်
စီးနေတဲ့ မြစ်ကနေ ဟိုဘက်ကမ်းက ဗီယက်နမ်ကို လှမ်းမြင်နေရတယ်။ကျနော့်ကို ကူညီတဲ့ ဒေသခံလူက
တစ်ယောက်ယောက်ကို ပိုက်ဆံပေးလိုက်ရင် ဟိုဘက်ကို ကူးတို့လှေနဲ့ ခိုးကူးသွားလို့ရတယ်လို့ ပြောပါတယ်။
ကျနော် ငြင်းလိုက်ပါတယ်။ ကျနော်မှာ တရားဝင် ပတ်စပို့ ရှိနေတယ်။

တံတားပေါ် နယ်စပ်ဂိတ်ကပဲ ဖြတ်ဖို့ ကျနော် ရွေးချယ်လိုက်ပါတယ်။
လွတ်မြောက်ဖို့ ချိန်စနေချိန်မှာ၊ ကျနော့်ကို ကူညီတဲ့သူက နယ်စပ်အနီးက ဟိုတယ်မှာ ထားပေးပါတယ်။
ရေချိုးခန်းထဲမှာ ရေပန်းကိုဖွင့် ဇိမ်ကျနေတုန်း တံခါးခေါက်သံကြားတော့ အိပ်မက်တွေ လွင့်စင်ပြီး ကတုန်ကရီနဲ့
လန့်နိုးသလို ဖြစ်သွားတယ်။ မိုးရွာထဲကနေ ခိုက်ခိုက်တုန်လာတဲ့ ပြည့်တန်ဆာမလေးပါ။ ၀င်ခိုပါရစေရှင်တဲ့။
စာနာစိတ်အပြည့်ရှိပေမဲ့၊ ကျနော့်မှာ သူ့ကို ကူညီနိုင်တဲ့ အနေအထား မရှိပါဘူး။

ဇူလိုင် ၂ ရက်နေ့ ၁၀ နာရီမှာ ကိုက် ၁၀၀ လောက်ဝေးတဲ့ နယ်စပ်ဂိတ်ကို ဟိုတယ်ကနေ လမ်းလျှောက်ထွက်ခဲ့ပါတယ်။
အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အပြောင်းအလဲက အံ့ဖွယ်တဒင်္ဂ ပါပဲ။

  အရာရှိက ကျနော့် စာရွက်တွေ စစ်ဆေးတယ်။ ကျနော့်မျက်စေ့ စူးစိုက်ကြည့်ပြီး ပတ်စပို့ကို တုံးထုပေးလိုက် ပါတယ်။
နောက်လှည့်မကြည့်တော့ဘဲ ဟနွိုင်းကို အမြန်ဆုံး သုတ်ချေတင်ခဲ့တယ်။နောက် ပိုလန်သွားတဲ့ လေယာဉ်စီးပြီး၊
ဂျာမဏီ ဆက်ကူးလာခဲ့တယ်။

   ဇူလိုင် ၆ ရက် ဘာလင်မြို့ တီးဂဲလ် လေဆိပ်ထဲက လမ်းလျှောက်အထွက်၊ ကျနော့်ရဲ့ ဂျာမန် အယ်ဒီတာ
'ပီတာ ဆီလ်လမ်း' က ဘုရား ဘုရားတပြီး ၀မ်းသာအားရ ကြိုဆိုပါတယ်။ ကျနော် ဂျာမဏီရောက်နိုင်တယ်လို့ သူ
လုံးဝ မယုံကြည်ပါဘူး။လေဆိပ်အပြင်ဖက်မှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေကို တ၀ရှုရင်း လွတ်လပ်မှု
အရသာ စပြီး ခံစားမိပါတယ်။

  ကျနော် နေရတကျဖြစ်ပြီဆိုတာနဲ့ ကျနော့် မိသားစုနဲ့ ချစ်သူကို ခေါ်လိုက်ပါတယ်။
သူတို့လည်း အာဏာပိုင်တွေရဲ့ မေးမြန်းတာတွေ ခံရပါတယ်။
ကျနော် လွတ်မြောက်သွားပြီဆိုတဲ့ သတင်းက ချက်ချင်းပြန့်သွားပါတယ်။
 
ကျနော့် မိတ်ဆွေ ပန်းချီဆရာတစ်ယောက်နဲ့ ဖုန်းရတော့ သူက တရုတ်ရဲတွေ စောင့်ကြည့်ခံထားရတဲ့
အိုင်ဝေေ၀ ဆီ အလည်သွားတဲ့အကြောင်း ပြောပါတယ်။သူက အိုင်ဝေေ၀ ကို ကျနော် ဂျာမဏီကို
ပဉ္စလက်ဆန်ဆန် ရောက်သွားပြီဆိုတဲ့အကြောင်း ပြောလိုက်တော့ အိုင်ကြီးရဲ့ မျက်လုံးတွေ
ပြူးကျယ်သွားတယ်တဲ့။

   အိုင်ကြီးက မယုံနိုင်အောင်ဖြစ်ပြီး 'ဟေ.. တကယ်လား.. တကယ်လား..
တကယ်ရောက်သွားတာလား...' ဆိုပြီး အော်ဟစ်နေပါလေရောတဲ့...။

ရည်ညွှန်း။ NY Times (Walking out on China)

Liao Yiwu မှာ နာမည်ကျော် "God is Red" နဲ့ 'The Corpse Walker' စာအုပ်တို့ကို ရေးသူဖြစ်သည်။

 
    -- ၀င့်ထန်း
 
 
 
 
 
 
 
 
 
 
 
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
 
 
 
 “ စောင့်လေ မျိုးနွယ်
     ( အမရဒီပ )
 
 
အခု ကိုယ့်အရွယ်က ကျောင်းသုံး ဗလာစာအုပ်သုံးတဲ့ အရွယ်မဟုတ်တော့တာမို့ လက်ရှိ
ကျောင်းသုံး  ဗလာစာအုပ် နောက်ကျောမှာ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊
 တပည့် ကျင့်ဝတ်
စသည့် စသည့် ဆောင်ပုဒ် ကဗျာတွေ ပါ၊မပါ အတိအကျ မသိပါ။
လွန်ခဲ့ပြီး အနှစ် ၂၀ ကျော် လောက်က ကျောင်းသုံးဗလာစာအုပ်တွေမှာ အမြဲတစေ
တွေ့ရလေ့ရှိတဲ့ စာသားတွေဖြစ်တယ်ဆိုတာ ကောင်းကောင်း အာမခံ နိုင်ပါသည်။
ကျောင်းသုံးဗလာစာအုပ်ပါ မိဘကျင့်ဝတ်စသော ကဗျာများကို မင်းတုန်းမင်းခေတ်တွင်
ပေါ် ထွန်းတော်မူခဲ့သော သင်္ဂဇာဆရာတော်ကြီး ရေးသားခဲ့ပြီး မူရင်းမှာ မြတ်စွာဗုဒ္ဓက
သိင်္ဂါလအမည်ရှိ အမျိုးသားကို ဟောကြားခဲ့သော ဒီဃနိကာယ်၊ ပါထိက၀ဂ်ပါဠိတော်လာ
သိင်္ဂါလောဝါဒသုတ္တန်ဖြစ် သည်ဟု သိရပါသည်။

"စောင့်လေမျိုးနွယ်" ဖြစ်လာရပုံအကြောင်း ပြောချင်သည်။
မိတ်ဆွေကြီး ကိုမောင်မောင်၏ အဖေနာရေး အခမ်းအနားသို့ တက်ရင်း မိသားစု အကြောင်း
 ပြောဖြစ်ကြသည်။ မိသားစုအကြောင်းဆို တော့ အမေ၊ အဖေ အကြောင်းကအစ၊ ညီအကို
မောင်နှမအလယ်၊ တူ၊ တူမ၊မြေးအထိ ရောက်သည်။
ထို့ပြင် မြန်မာမှုနယ်ပယ်ရှိ ၊ ပစ္စုပ္ပန်မှာလည်း သားသမီးနေရာ ရောက်နေသည့် အတွက်
သားသမီးကျင့် ၀တ်အကြောင်း ရောက်သွားသည်။

သားသမီးကျင့်ဝတ်များမှာ-----------------------------------------
၁။ မိဘကို လုပ်ကျွေးခြင်း
၂။ မိဘတို့၏အမှုကိစ္စကို ဆောင်ရွက်ခြင်း
၃။ မိဘမျိုးနွယ်ကို စောင့်ထိန်းခြင်း
၎။ အမွေခံထိုက်အောင် ပြုကျင့်ခြင်း
၅။ မိဘအတွက် ကုသိုလ်ကောင်းမှုပြု၍ အမျှဝေခြင်း---
တို့ဖြစ်ကြသည်။

သင်္ဂဇာဆရာတော်ကြီး၏အတိုချုပ်ကဗျာမှာ --
"ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ" ဟူ၍ ဖြစ်သည်။

ကိုမောင်မောင်က သူ့အတွေးကို တင်ပြလာသည်။
" ကျနော်က ကျွေးမွေးမပျက်တာ၊ ဆောင်ရွက်စီမံတာ၊ မွေခံထိုက်စေတာ၊ လှူမျှ ဝေတာတွေ
မချွတ်ယွင်းတာ သေချာ ပါတယ်ဗျာ။

သို့သော် "စောင့်လေ မျိုးနွယ် "အတွက် ကျနော်က လူပျိုကြီးဖြစ် နေတော့ ဒီဝတ္တရားမကျေဘူး
 ဖြစ်နေတယ်လို့ မြင်တယ်ဗျာ" ကိုမောင်မောင်ပြောတော့မှ လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က
 မိတ်ဆွေတဦး ပြောပြတာကို အမှတ်ရမိသည်။
"ဒီကနေ့ခေတ်မှာ ဗုဒ္ဓဘာသာ ဗမာ တယောက်ဟာ အမေရိကန်လူမျိုးနဲ့ အိမ်ထောင်ပြု တာရှိတယ်၊
 တရုတ် ကုလားနဲ့ အိမ်ထောင်ပြုတာရှိတယ်ဗျာ၊ အဲဒါဟာ စောင့်လေမျိုးနွယ် ဆိုတာနဲ့
 ညီ၊ မညီ စဉ်းစားသင့်တယ်ဗျာ"
မိတ်ဆွေကိုမောင်မောင်က သူကိုယ်တိုင် မျိုးဆက်သစ် မထားနိုင်ခြင်းကို "စောင့်လေမျိုးနွယ်"
နှင့် မညီညွတ်ဟု ယူဆသည်။ အခြားမိတ်ဆွေတဦးက လူမျိုးခြားနှင့် အိမ်ထောင် ပြုခြင်းကို
 "စောင့်လေ မျိုးနွယ်"နှင့် မညီညွတ်ဟု ယူဆနေသည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ စဉ်းစားတွေးမြင်မှုများသည် "စောင့်လေမျိုးနွယ်"ဆိုသော
စကားမှ ပေါက်ဖွားလာသော အရာများသာ ဖြစ်ချေသည်။
သို့သော် အကြမ်းဖျင်းစဉ်းစားကြည့်လျှင်ပင် ဗုဒ္ဓဘာသာသည် လူတဦးတယောက်
အိမ်ထောင် ပြုခြင်း၊ မပြုခြင်းအတွက် သတ်မှတ်ထားချက်၊ လူမျိုးရေးအရ အိမ်ထောင်ဖက်သည်
ဘာဖြစ်ရမည် ညာ ဖြစ်ရမည်ဟု သတ်မှတ်ထားချက် ကင်းရှင်းကြောင်း သံသယဖြစ်ဖွယ်မလိုပေ။
သို့သော် "အမျိုးအနွယ်ကို စောင့်ထိန်းရမည်"ဟူသော အဓိပ္ပါယ်ဆောင် စကားလုံး"စောင့်လေမျိုးနွယ်"
အတွက်ကား များစွာ အလေးထားရပါမည်။နားလည်ရခက်သောစကားလုံးများသည်
သဘောတရား ကြည်လင်မှု အတွက် အနှောင့်အယှက် ဖြစ်စေပါသည်။

သို့ဖြစ်ပေရာ မူရင်းအဆိုကို လေ့လာရပေတော့မည်။
မူရင်း သိင်္ဂါလသုတ္တန်ပါဠိတော်တွင် "စောင့်လေမျိုးနွယ်"အတွက်
" ကုလ၀ံသံ ဌပေဿာမိ= အမျိုးအနွယ်ကို တည်စေအံ့" ဟု တွေ့ရသည်။

မြန်မာကဗျာ "စောင့်လေမျိုးနွယ်"=ပါဠိဘာသာ"ကုလ၀ံ သံ ဌပေဿာမိ"--------။
ဤမျှလောက်ဖြင့် ရှင်းလင်းပြတ်သားစွာ မသိနိုင်သေးပါ။
ပါဠိတော်အဆင့် ကို နားမလည်နိုင်သေးလျှင် ဘာဆက်လုပ်ရမည်နည်း----။

လယ်တီဆရာတော်လောင်း ဦးဇင်းငယ်ကို ယောမင်းကြီးဦးဖိုးလှိုင် ပေးသည့် အကြံပြုချက်ကို
အသုံးချရ ပေတော့မည်။ ယောမင်းကြီးက လယ်တီဆရာတော်လောင်းဦးဇင်းကို "အရှင်ဘုရား--
ပါဠိတော်ဖတ်လို့ နားမလည်ရင် အဋ္ဌကထာ ဖတ်ပါ၊
အဋ္ဌကထာဖတ်လို့ နားမလည်သေးရင် ဋီကာဖတ်ပါ။

ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာဖတ်လို့မှ စာမတတ်သေးဘူး ထင်ရင် ပါဠိစာလုံး တလုံး (ဥပမာ-
နိယာမ၊ ဒါန ၊၀ိပဿနာ) ကို မူတည်ပြီး ကိုယ်တိုင် ကျမ်းပြုပါ" ဟု လမ်းညွှန်ခဲ့လေသည်။
ယောမင်းကြီးနည်းအတိုင်း ပါဠိတော်ကို နားမလည်သေးသည့် အတွက် အဋ္ဌကထာ အကူအညီ ယူရပေ တော့မည်။

အဋ္ဌကထာက "စောင့်လေမျိုးနွယ်=ကုလ၀ံသံ ဌပေဿာမိ"၏အဓိပ္ပါယ်ရှင်းပြပုံမှာ-------
"ကုလ၀ံသံ ဌပေဿာမိ"ဟူသည် မိဘပိုင်ဆိုင်သော လယ်ယာမြေ ရွှေငွေစသည် များကို မဆုတ်ယုတ်
စေဘဲ ဆွေစဉ်မျိုးဆက် တည်တံ့အောင် ထိန်းသိမ်းခြင်းသည် မျိုးနွယ်ကို စောင့်သည်မည်၏။

မိဘတို့မတရားကျင့်သုံးသော အစဉ်အလာကို ပြုပြင်ကာ တရားကျင့်သုံးသော အစဉ်အလာ
 ဖြစ်အောင် ပြုလုပ်ခြင်း၊ မိဘစဉ်ဆက် ပြုလုပ် လာခဲ့သော စာရေးတံမဲချကာ ဆွမ်းကပ်ခြင်း
စသည်တို့ကို (ကိုယ့်အလှည့် တွင် မဖျက်သိမ်း ပစ်ဘဲ) ဆက်လက် ပြုလုပ်ခြင်း သည် မျိုးနွယ်ကို
စောင့်သည် မည်၏။" ဟူ၍ဖြစ်သည်။

အဋ္ဌကထာရှင်းလင်းချက်အရ အိမ်ထောင်မပြုဘဲ အပျိုကြီး၊ လူပျိုကြီးဘ၀ဖြင့်နေထိုင်ခြင်း၊
 လူမျိုးခြားနှင့် အိမ်ထောင် ပြု ခြင်း တို့ကို "စောင့်လေမျိုးနွယ်"="ကုလ၀ံသံ ဌပေဿာမိ" ဟု
မဆိုလို ကြောင်း သိသာ သွားပါပြီ။
မိဘအမွေပစ္စည်းတွေကို ထိုင်ဖြုန်းတာ၊ မိဘတို့၏ ချွတ်ယွင်းချက်ကို မပြုပြင် နိုင်တာ၊
မိဘတို့ပြုလုပ် သွားသော ကောင်းမှုလုပ်ငန်းတွေကို ဆက်လက် မထိန်းသိမ်း တာတို့သည်
အမျိုး အနွယ်ကို မစောင့်ရှောက်သူ မည်ပေသည်။
တသက်လုံး လူပျို၊ အပျိုအဖြစ်ဖြင့်နေထိုင်ခြင်းကို ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်နေသည့်
အ တွက် ဆက်လက် မဆွေးနွေးတော့ဘဲ အိမ်ထောင် ပြုလိုသူများအတွက် အိမ်ထောင်မပြုခင်
စဉ်းစားရမည့် (ဘုရားဟော မဟုတ် သော) အချက်အလက်တို့ကို ပြောလို ပါသည်။

အိမ်ထောင်ပြုတော့မည်ဟု ဆုံးဖြတ်ထားလျှင် "ကွာ ၃ ကွာ၊ ပါ ၃ ပါ၊ ချာ ၃ ချာ" ကို ရှောင်ပါ-ဟု
လူကြီးသူမများ အကြံပြုကြသည်။

ကွာ ၃ ကွာမှာ------------------------------------------------
၁။ တိုင်းပြည်နှင့် လူမျိုးကွာခြားခြင်း
၂။ အယူဘာသာကွာခြားခြင်း
၃။ စိတ်နေသဘောထားခြင်းကွာခြားခြင်း----တို့ဖြစ်သည်။

ချာ ၃ ချာမှာ------------------------------
၁။ အသိပညာနုံချာခြင်း
၂။ စီးပွားရေးနုံချာခြင်း
၃။ လူမှုရေးအသိနုံချာခြင်း---------တို့ဖြစ်သည်။

ပါ ၃ ပါမှာ -------------------------------------------
၁။ (နာတာရှည်)အနာရောဂါပါခြင်း
၂။ အကြွေးပါခြင်း
၃။ အပိုစားမည့်သူ (လူပိုတွေ) ပါခြင်း------------တို့ဖြစ်သည်။

"စောင့်လေမျိုးနွယ်"ဆိုသောစကားလုံးသည် သူ့ခေတ်သူ့အခါက အလွယ်တကူနားလည်လွယ် သော
စကားလုံး ဖြစ်ကောင်းဖြစ် ပါမည် ။ အခုအခါ တွင်ကား နားလည်မှု လွဲနိုင်သော စကားလုံးဖြစ်လာပြီ
ဆိုသည့်အချက်ကို တွေ့ကြုံရ ပါသည်။
ကျယ်ပြန့်စွာ လေ့လာမှု မပြုထားလျှင် နောင်တွင် ရှုပ်ထွေးဖွယ်ရှိ နိုင်ကြောင်း သတိပေး တင်ပြပါသည်။

  အမရဒီပ
13/4/2011
 
 
 
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 
 
 
   အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ  Harvard တက္ကသိုလ် သို့ 
- လင်းလင်း  " Breaking Night " Novel. မှ ဘာသာ ပြန်ဆိုသည် ။
 
 
 ရည် ရွယ် ချက် ။
      ဤ post သည် နာဂစ်မုန်တိုင်း နှင့်  ငလျင် ကြောင့်  အိုးအိမ်ပျက်စီးခြင်း ခံရသူများ မိဘများနဲ့ တစ်ကွဲ တစ်ပြား
ဝေးနေရသော သားသမီးများ ဒုက္ခရောက်သူများ အတွက် အားပေးစကားအဖြစ် ရည်ရွယ်ကာ ရေးထားခြင်း ဖြစ်ပါသည် ။
 
 
- Liz Murray  အား (New York ) ပြည်နယ် ဘရော်းစ်(Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။
သူမ ၏ မိဘ များမှာ ဆေး၊ ဘိန်း စွဲ သူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့ မည့် အစား ရသမျှ
မရှိ သလောက် သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။

လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ ငတ်တစ်လှည့်  ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေ
ရရှာသည်။အဝတ် အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည် တည်းသော အဝတ် တစ်စုံ ကို နေ့ တိုင်း ညစ်ပတ်
နံစော်နေသည် အထိ ဝတ်သည် ။ စတိုးဆိုင် များမှ လွင့် ပစ်သော အစားအစာ များကို ကောက် ယူ စားရင်း
တစ်နေ့ တာ ဘဝကို  မျှော်လင့် ချက်ကင်းမဲ့စွာ ဆက် နေ ရသည်။

မည်သို့ ပင် ခက် ခဲစေကာမူ လိဇ် (Liz) နှင့် အစ်မ ဖြစ်သူ အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက် မပြတ်
တက် နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော သူတို့ မိသားစု ၏ အိမ်ခန်း အခြေအနေ ၊ မိဘနှစ်ပါး ၏
သားသမီး အပေါ် ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်  လိဇ်
ကျောင်းတက် ချင် စိတ် မရှိပါ။ မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ် ၉ နှစ် သမီး လိဇ်
တစ်ယောက်ရပ်ကွက် စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် 
ရှင်း ရေး ၊ စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။

           - Sandwich  တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော တစ်နေ့ စာ လုပ်ခ ကို ပင် မိခင် ဖြစ်
သူ က လုယူ ကာ ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က သား သမီး များ ကို စောင့် ရှောက် မည့် 
အစား သူမ၏ သမီး လိဇ် က သာ မိခင် အား ကလေး တစ်ယောက် ပမာ စောင့် ရှောက် ခဲ့ သည်။
တစ်လ သုံးရက် ခန့် သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ အတန်းထဲ့ တွင် အခြားကျောင်းသား ကျောင်းသူ များ ၏
ပြောင်လှောင်ခြင်းကို လည်းနေ့ တိုင်း ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ် သော အဝတ်အစား နဲ့  ဖရိုဖရဲ သော ဆံပင်များ
ကြောင့်  သူငယ် ချင်း ဟူ၍ လည်း မရှိပါ။ သူငယ် ချင်း အသိုင်း အဝိုင်း မှ စွန့် ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။

လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီ ရောဂါရှိကြောင်း သူမ အမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက်
ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့ သော် မိခင်ဖြစ်သူ ဆေးစွဲ သူသည် သူမ ကျောင်း မတက်ခဲ့ သောကြောင့် 
 ဤ ကဲ့ သို့  သော ဘဝရောက်ခဲ့ ရ ကြောင့်  လိဇ် အား နေ့ တိုင်း ပြောကာ ကျောင်း ပြန် တက် ရန် လိဇ် အား
တိုက်တွန်း ခဲ့ သည်။ AIDS ရောဂါဖြင့်  လိဇ် အသက် ဆယ် ငါးနှစ် အရွယ်တွင် လိဇ်၏ မိခင် ဆုံးသွားခဲ့ ပြီး ဖခင်
ဖြစ်သူ သည် လည်း အိမ်ခန်းငှား ခ မပေးနိုင်သောကြောင့်  အိမ်ယာ မဲ့  သူ တို့  ခိုလုံ ရာ ဒုက္ခသည် ဇရပ် သို့ 
ပြောင်းရွေးခြင်းခံရသည်။

- ထို အချိန်မှ စ၍ လိဇ် သည် အတောင် မစုံ သော ငှက် ငယ်လေး ပမာ လေလွင့် ရာ စုံ ၊ ဆန် မျှော ရင်း
နား ခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရ ကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။
အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း သူတစ် ပါး များ နဲ့ မတူ သူမ ဘဝသည် ခြားနား လွန်းလှ သည်။
Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။
သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ သေချာသော အဖြေ လုံး ဝ မရှိချေ။

   သို့ သော် သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက် လမ်းစ တစ်လမ်း
ဤ ကမ္ဘာ တွင် ရှိရ မည် ဟု သူမ ခိုင်မာစွာ ယုံကြည်ထားသည်။ထို ယုံကြည်ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။
 
              မည် သို့ ပင် လိဇ် ၏ ဘဝ ခက်ခဲ့  ကြမ်း စေကာမူ ရောက်ရာ နေရာတိုင်း တွင် သူမ နဲ့ အတူ စွယ် စုံ ကျမ်း
များ ကို သယ် ဆောင်သွားကာ အချိန် ရှိတိုင်း ဖက်သည်။ လိဇ် ၏ မိခင်တွင် ဆိုးဝါး စက် ဆုတ် ရွံရှာ ဖွယ်ကောင်းသော
ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက် အသိပညာ ကင်းမဲ မှု များ ကြောင့်  ထိုကဲ့ သို့ သော ရော ဂါများဖြင့် 
ခံစား သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ့ မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ် တစ်ခု သည် လိဇ် အတွက်
အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။

 ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချကာ ကျောင်းတစ်ကျောင်းတွင် နာမည် စာရင်းသွင်း ခဲ့ သည်။
သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင့်  သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတု
ကို တောင်း ကာ သူမ၏ လိပ်စာဖြစ်ကြောင့် ကျောင်းတွင် လိမ်ပေး ခဲ့ သည်။
- လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း တက်ရသည်။
အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နပ် သာ အစာစား သည်။
 ကျောင်းတက်ရင်း တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတိုက် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း
နားနေရာ လမ်းဘေး သစ်ပင် များ အောက် တွင် စာကျက်သည်။

     လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင် ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက်
မှတ် ခြင်း ဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင်
လက်ဖြန့်  တောင်း စား ခြင်း နှင့်  နိုင်းယှဉ် လျှင် မိုး နဲ့  မြေ ကဲ့ သို့  ပင် ကွာဟ သော ကြောင့်  ဆင်းရဲ ဒုက္ခ
ပင်ပန်း ခြင်း ကို တစ်ခါ မျှ မငြည်း ညူ ခဲ့ သူလည်း ဖြစ်သည်။

      လိဇ် သည် ၄ နှစ် သင် ရသော အထက် တန်းကျောင်း ကို ၂ နှစ် အတွင်း ပြီးစေ သည် သာမက ဘာသာရပ်
တိုင်း တွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင် မြင် ခဲ့ သည်။ အမှတ် အကောင်း ဆုံး အတော် ဆုံး ကျောင်းသား
ကျောင်းသူ ဆယ် ယောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ် ဆရာကြီး က ပညာ တော်သင် ဆု
အနေဖြင့် Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ် တွင်
အခမဲ ခရီး လည် ပတ်စေသည်။

       - ထို တက္ကသိုလ် တွင် ပညာ သင်ကြား နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား
သမီး များ ဖြစ်ကြသည် ကို လိဇ် မြင် သော အခါ တွင် သူမ ၏ ဘဝ နှင့်  ဆီ နဲ့ ရေ ကဲ့ သို့  ကွာ ခြား နေ သည်
ကို သိရ သဖြင့်  မိမိ ကိုယ် ကိုယ် စိတ်အား သိမ် ငယ် နေခဲ့  ရှာ သည်။

  သို့ သော် လိဇ် အား ထို တက္ကသိုလ် တွင် ရှောက် ကြည့်  ရန် ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ့ဲသည်။
 အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင့် အောင်ခဲ့  သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ
မရှိ သော သူ မ ၏ ဘဝ အတွက် အထောက် အပ့ံ ဆို သည် မှာ အကယ် စင်စစ် ပင် လို အပ် နေသော အချိန် ဖြစ်
သည် အားလျှော် စွာ မမျှော် လင့် ပဲ့  သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။

  ထို သတင်း စာ မှာ New York မြို့ အတွင်း မှ အခက် ခဲ ရှိသူ များ မိဘ ဝင် ငွေ နည်း သားသမီး များ အတွက်
ထောက်ပံ့ ကြေး ငွေ (scholarship) လျောက် နိုင် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ
ဖြစ်လေသည်။ လိဇ် သည် အထက် တန်း ကျောင်း တက်ခဲ့ သော အချိန် တွင် သူမ သည် အိမ်ယာ မဲ့  လမ်းဘေး က
တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင့် မရှိအောင်
ဖုံးကွယ် ခဲ့ သော် လည်း သူ မ၏ နောင် ရှေ့ ရေး ဘဝ အတွက် သူမ ဖွင့် ပြော ရန် အချိန်ရောက် လေပြီ။

   - လိဇ် မည်ကဲ့ သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ် အသုံးပြု ကာ တွေ့ သမျှ အရိပ် ကို မိမိ အိမ်
အသွင် သက်မှတ် ကာ တစ်နေ့ စာ အတွက် မည် ကဲ့ သို့ ခက် ခဲ ကြမ်း တမ်း စွာ ရှာခဲ့ ရပုံ များမှာ စိတ်ကူးယှဉ်
ဆန် လှ သည် ဟုပြော ရလောက်အောင်   သနားဖွယ်  ကောင်းသော  သူမ ၏ အကြောင်း ကို   မျက်ရည် စက်
များ နဲ့ အတူ ရေးကာ တင်ထား သော သူမ၏ လျောက် လွှာ အား New York Time မဂ္ဂဇင်း မှ လှိုက်လှိုက် လှဲလှဲ
ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ့ လေ သည်။

          New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်း လခ တစ်နှစ် လျှင် ဒေါ်လာငွေ တစ်သောင်း နှစ်ထောင် ဖြင့်
ကူ ညီ မည် ဟု ဂတိပေးသည် သာမက လိဇ် အား ဂုဏ်ပြု သည့်  အနေဖြင့်  New York Time ၏ ညီလာခံပွဲတော်ကြီး
တွင် လိဇ် အား ကျေးဇူး တင် စကားပြောရန် နှင့် သူမ ၏ ဘဝ အကြောင်း တစ်စိတ် တစ်ဒေသ ပြောပြ ရန်တောင်းဆို
ခဲ့ သည်။ ညီလာခံ ပွဲတော်ကြီး အပြီးတွင် လူအုပ် ကြီး ၏ လက်ခုပ်သံ များ နှင့်အတူ နတ်သမီး အလား ရုတ်တရက် ဆို
သကဲ့ သို့  လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည့် သူ၊ အိမ်ခန်း ငှားပေး မည့် သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျ
စားရိတ်အာမခံပေးမည့် သူ၊ စားနှိပ် ရိက္ခာ ဝယ်ပေးမည့် သူ၊ စာအုပ် စာတမ်း ဝယ်ပေး မည့် သူ၊ ကား ဝယ်ပေးမည့် သူ
အစရှိသည်ဖြင့်  လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။

ထို အချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ့ အတူ လူ့ လောက အလယ်တွင် လူတစ်ယောက် နှင့်တူ သော
အခွင့် အရေး များ ပိုင်ဆိုင် ထားပြီး တက္ကသိုလ် ကျောင်းသူ ဘဝ အဖြစ် (Harvard University) တွင် စတင် တက်ခဲ့
့လေသည်။  2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ် ဗား မှ ဘွဲ့ ရခဲ့ ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။
 psychology ဖြင့်  ဒေါက်တာ ဘွဲ အထိ ရယူရန် ရည်ရွယ် ချက်ရှိ သူ လည်း ဖြစ်သည်။

     - ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိ ၍ လူ သိ ရှင်ကြား ကျော်ကြားသူ သာ မက ယခု အချိန်တွင်
 လိဇ် သည် အမေရိ ကန် နိုင်ငံ အပြင် အခြား သော နိုင်ငံများ တွင် ကျင်းပသော ညီလာခံများ ၌ သွားရောက်
လည်ပတ် မိန်းခွန်းပြော ရန် ငွေကြေးဖြင့်  ငှား ခေါ် ကြ သည်။

လိဇ် သည် အမေရိကန် နိုင် ငံ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ရန် လည်း ရည်ရွယ်ချက် ရှိ နေသူ လည်း ဖြစ် ပါသည်။
 
Peter Lin ( လင်းလင်း )
 
 
 
 
 
 
 
 
@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @
 
           $ $ $ Money Bags $ $ $.
 
Hopefully the Chinese are right.
 This year July has 5 Fridays, 5 Saturdays, and 5 Sundays.
This happens once every 823 years.
This is called money bags.
 
 
 
 
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
 
 
 
- မှတ်မှတ်ရရ ရေတပ်သားဘ၀အစ
(နေမင်းသူ..စစ်သည်ဟောင်း)
 

ကျနော့ဇာတိမြို့က မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသ မြို့ကလေးတစ်မြို့ပါ။
မိဘတွေရဲ့ စီးပွားရေး အခြေအနေကတော့ သူလိုကိုယ်လို မရှိမရှား အတန်းအစားထဲကလို့ ဆိုရမှာပေါ့။
၁၉၉၃ မှာကျနော် (၁၀)တန်း အောင်တဲ့အခါ အဖေက မကွေး ကောလိပ်မှာ ကျောင်း ဆက်ထားဖို့ စီစဉ်ပါတယ်။

ဒါပေမယ့် ကျနော်လက်မခံခဲ့ပါဘူး။
မွေးချင်းတွေထဲမှာ ကျနော်က အကြီးဆုံးဆိုတော့ ကျနော့ပညာရေးအတွက် မိဘမှာ ဆက်ပြီးဝန်မတက်စေချင် လို့ပါ။

၁၉၉၄ နှစ်ဆန်းပိုင်းမှာတော့ ကျနော့ဦးလေးနေထိုင်ရာ ရန်ကုန်မြို့ကို အလည်ရောက်လာတယ်။ အဆင်ပြေရင်
ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။
ဦးလေးက ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦး ဖြစ်လေတော့ သူ့ဌာနမှာ အလုပ်ရလိုရငြား စုံစမ်းကြည့် ပါသေးတယ်။
အဆင်မပြေပါဘူး။

ဝန်ထမ်းအလုပ်ဆိုတာကလည်း အမြဲတစေ လျှောက်လွှာခေါ်ယူတာ မဟုတ်လေတော့ ခက်တော့ အခက်သား။

တစ်နေ့နေ့လယ်ခင်းမှာ ပျင်းပျင်းရှိတာနဲ့ သတင်းစာတစ်စောင်ကို လှန်လှောကြည့်မိရင်း
လျှောက်လွှာ ခေါ်ယူတဲ့ ကြော်ငြာတစ်ခုကို ဖျတ်ကနဲ တွေ့လိုက်မိတယ်။“တပ်မတော်(ရေ)တွင် အမှုထမ်းရန်
တပ်သားသစ် များအလိုရှိသည်” တဲ့။
ကျနော့စိတ်ထဲမှာ ၀မ်းသာသွားမိတယ်။

ညနေပိုင်း ဦးလေးရုံးကပြန်ရောက်လာတဲ့အခါ သတင်းစာပြပြီး တိုင်ပင်ကြည့်တော့ ကြော်ငြာဖတ်ပြီး ဦးလေးစဉ်းစားခန်းဝင်နေတာ တွေ့ရတယ်။
ခဏကြာမှ “စစ်သားလုပ်ရမယ်ဆိုပေမယ့် ရေတပ်ဆိုတော့ သိပ်မဆိုးဘူးထင်ရတာပဲ။

သံလျှက်စွန်းရေတပ်မှာ ဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊သူနဲ့တိုင်ပင်ကြည့်တာပေါ့။”

စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း ဦးလေးနဲ့ကျနော် သံလျှက်စွန်းရေတပ် အိမ်ထောင်သည်လိုင်းကို ရောက်သွားတယ်။
အခန်သင့်ဆိုသလိုပဲ ဦးလေးရဲ့သူငယ်ချင်းကို တွေ့ပါတယ်။
သူတို့နှစ်ယောက် စကားပြော လို့အတန်ကြာတော့ ဦးလေးကလာရင်းကိစ္စက တိုင်ပင်ပါတယ်။
ဒါနဲ့ရေတပ်ဆရာကြီးက“အေးကွာ စစ်သားတစ်ယောက်အနေနဲ့ ပြောရတာတော့ မကောင်းဘူး။
သေသေချာချာစဉ်းစားပါအုံး။ စစ်တပ်ဆိုတာ ၀င်ပြီးရင်ထွက်ဖို့သိပ်မလွယ်ဘူး။
ငါတောင် နှုတ်ထွက်ခွင့်တင်ထားတာ(၃)နှစ်ရှိပြီ၊ ခုထိ အကြောင်းမထူး သေးဘူး” လို့အခြေအနေကို ရှင်းပြပါတယ်။

သို့ပေမယ့်လည်း အပြင်လောကမှာ မရေမရာဖြစ်နေတာကြောင့်ရယ်၊ ကျနော်တို့ အညာဒေသမှာ
ပင်လယ်ပြင်မမြင်ဖူးတော့ စစ်သင်္ဘောကြီးစီးပြီး ပင်လယ်ပြင်ဖြတ်သန်းရမှာကို စိတ်ကူးယဉ် မိတာရယ်ကြောင့်
ရေတပ်ထဲကို ၀င်ဖို့ကျနော်ဆုံးဖြတ်လိုက်ပါတယ်။
 


ကျနော့ဖက်ကသေချာပြီ ဆိုတော့လည်း ဆရာကြီးကဘာမှ မပြောတော့ဘဲ သူတာဝန်ရှိသမျှ အကူအညီပေးပါတယ်။
နောက်တစ်နေ့ ရုံးဖွင့်ရက်မှာ ကျနော့ကို တပ်သားသစ် စုဆောင်းရေး ဌာနကို ခေါ်သွားပြီး လျှောက်လွှာပုံစံ ယူပေး ပါတယ်။
နောက်ပြီး စုဆောင်းရေး တာဝန်ခံကိုလည်း ကျနော်ဟာ သူ့တူတော် စပ်ကြောင်း မိတ်ဆက် အပ်နှံ ပေးပါတယ်။

ဒီလိုနဲ့ သင်္ကြန်ကာလကိုဖြတ်သန်းပြီး ဧပြီ ၂၂ ရက်နေ့မှာ အင်တာဗျူး ကိစ္စတွေပြီးလို့ ဆေးကြီးစစ် အောင်တဲ့အခါ စာချုပ် ချုပ်ဆို ရပါတယ်။
အဲဒီနေ့မှာ ကျနော့ရဲ့စစ်မှုထမ်းသက်စတယ်လို့ သိရပါတယ်။
စစ်သည်လောင်း တစ်ဦးဖြစ်သွားပြီမို့ ဧရခ အဆောင်တစ်ခုထဲကို ပြောင်းရွှေ့နေထိုင်ရပြီး တပ်ထောက်ကကျွေးတဲ့ ထမင်းကိုစားရ ပါတော့တယ်။
နေ့စဉ် မနက်စောစောအိပ်ယာထ လက်ဖက်ရည် ကျဲကျဲလေးသောက် တန်းစီလူစုခွဲပြီး တပ်တွင်း သန့်ရှင်းရေးလုပ်အားပေးရပါတယ်။

နေ့လယ်(၁၁) နာရီလောက်မှာ ထမင်းစား၊ခေတ္တအနားယူ ပြီးတော့ လုပ်အားပေး လုပ်၊ နေ့လယ် လက်ဖက်ရည်သောက်
ညနေ(၅)နာရီ ရေချိုး ညစာစား၊ ညဖက်မှာ ဗီဒီယို ကြည့် သူငယ်ချင်း အသစ်တွေနဲ့ စကားဖောင်ဖွဲ့လို့ ပျော်စရာတော့.. အကောင်းသား။

ကျနော်တို့ကို ရအတ(၃၃)မှာ ခေတ္တတွဲဖက်ထားတာဖြစ်ပြီး တပ်မှူးက ဗိုလ်မှူး စိုးသိန်း (နောင် ကာကွယ်ရေး ဦးစီးချုပ်-ရေ) ဖြစ်ပါတယ်။
သူကကျနော်တို့ကို ရဲဘော်လေးတွေ ရဲဘော်လေးတွေ နဲ့မြှေက်ပင့်ပြီး ခိုင်းလိုက်တာ
သူ့တပ်နောက်က ဧရာမ သဲပုံကြီးဟာ အိုဒီ (ရဲဘော်သစ်)တွေရဲ့လုပ်အားနဲ့ ပြောင်တလင်းဖြစ် သွားတယ်။

မိဘအိမ်မှာ လက်ကျောတင်းအောင်မလုပ်ခဲ့တဲ့ ကျနော်တို့တတွေ စစ်ဗိုလ်ကြီးရဲ့ မြှောက်လုံးတွေ ကြားမှာ အသက်ရှူမှားအောင် လုပ်အားပေးခဲ့ရတယ်။
ဒါတောင် တချို့ကနောက်တတ်သေးတယ်“စားပြီးအိပ် နေ တပ်မတော်(ရေ) တန်းစီတန်းဖြုတ် လခထုတ်” တဲ့။

မေလထဲက ရက်တစ်ရက်မှာတော့ သင်တန်းတက်ဖို့ ကျနော်တို့အုပ်စု ပုသိမ်မြို့ ရလတ(၃၇)ကိုသွား ရတယ်။
စစ်ရေယာဉ်- ဆင်းမင်း ၊စစ်ရေယာဉ်- စိန္တာ စစ်သင်္ဘော နှစ်စီးနဲ့ ပို့ပေးတာ။
သင်္ဘောပေါ် မတက်ခင် ဧရခ Jetty မှာတန်းစီလူစစ်တော့ စုဆောင်းရေး တာဝန်ခံ ဆရာကြီး မြတ်ဆိုင် ကပြောတယ်၊

အမိန့်သံလိုလို နောက်ပြောင်သံ လိုလိုနဲ့
ကဲ..ဒီနေ့က စပြီး မင်းတို့အားလုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၆)လ ကျခံစေ”။
ရုတ်တရက် သူဘာကို ဆိုလိုသလဲ နားမလည် ခဲ့မိဘူး။
သင်တန်းကျောင်းကိုရောက်တော့မှပဲ ကောင်းကောင်း သဘောပေါက် မိတော့တယ်။

ရန်ကုန် ကနေ ပုသိမ် ကို ညလုံးပေါက် သင်္ဘောစီးပြီးသွားရပါတယ်။
ညအချိန်ဆိုတော့ မြို့တစ်မြို့ကို ရောက်တိုင်း မြင်ကွင်း ဆန်းဆန်း လေးတွေကို တွေ့ရမြဲ။
သင်္ဘောဆိပ်လို့ ထင်ရတဲ့နေရာတွေမှာတော့ လူတွေလှုပ်လှုပ်ရွရွ သွားလာလှုပ်ရှားနေတာကိုမြင်ရတယ်။

တချို့မြို့တွေမှာဆိုရင် လျှပ်စစ်မီးမှိန်မှိန် အောက်မှာ ရေနံဆီမီးခွက်လေးတွေနဲ့ ဈေးရောင်း နေကြတာ။
ကျနော့ဘ၀မှာ ရေလမ်းခရီးသွားရတာ ဒီအကြိမ် ပထမဆုံးဖြစ်ပြီး အတွေ့အကြုံသစ်တစ်ခုနဲ့ မကြာမီ ဖြတ်သန်းရမှာကို
တွေးမိတော့ ရင်ထဲမှာလှုပ်ရှား နေပြီး တစ်ညလုံး အိပ်မရ တော့ပါဘူး။



ပုသိမ်မြို့ကိုရောက်တော့ မနက်(၈)နာရီလောက်ရှိနေပါပြီ။ ရလတ(၃၇) Jetty မှာသင်တန်းဆရာတွေ လာစောင့်နေတာ မြင်ရပါတယ်။
Jetty မှာရေယာဉ်ကပ်ပြီးတဲ့အခါ ၀ါးစိမ်းတုတ် ကိုယ်စီ ကိုင်ထားတဲ့ သင်တန်းဆရာ နှစ်ယောက် ရေယာဉ်ပေါ် တက်လာပြီး
“နှမစောင်းတွေ အားလုံးငြိမ်ငြိမ်နေကြ၊ ပြောတာနား ထောင်။ ခုချိန်ကစပြီး လုပ်ဆိုတာကိုလုပ် မလုပ်နဲ့ဆိုတာကိုလုံးဝမလုပ်နဲ့၊
ပြောသလို မလုပ်ရင် ဟောသည်မှာ ကြည့်” ဆိုပြီး ၀ါးစိမ်းတုတ်နဲ့ နီးစပ်ရာ သေတ္တာ တစ်လုံးကို ဖုန်းကနဲ မြည်အောင် ရိုက်ချလိုက်ပါတယ်။
ပြီးတော့ နှစ်ယောက် တစ်တွဲသေတ္တာတွေသယ်ထုတ်ပြီး Jetty ပေါ်မှာ ပုံထားရပါတယ်။

နောက်မှတခါ အိပ်ဆောင်ရှိရာကို သယ်ပို့ရပြန်တယ်။
သေတ္တာအားလုံး အိပ်ဆောင်ထဲ ရောက်သွားတော့ ကျနော်တို့ အားလုံး စစ်ရေးပြ ကွင်းမှာ တန်းစီ လူစစ်ဆေး ပါတယ်။
ကျနော်တို့ သင်တန်းကိုမလာခင် (၃၃) တပ်ထောက်ဆရာတွေက တန်းစီညာညှိ အခြေခံသဘော သင်ပေး လိုက်ပါ သေးတယ်။

သို့သော်လည်း စစ်ပညာကိုခုမှ စတင် ထိတွေ့ဖူးသူ တွေဆိုတော့ စစ်ပုံကျတယ် လို့တော့ မဟုတ်ဖူးပေါ့။
ကျနော်တို့တန်းစီ နေတုန်းမှာ ၀ါးလုံးပိုင်း ကိုင်ထားတဲ့ ဆရာနှစ်ယောက် သုံးယောက်က ရှေ့နောက်ဝဲယာကနေ လိုက်ကြည့်နေပြီး
သူတို့စိတ်ထဲမှာ ဒေါင့်မကျိုး ဘူးလို့ ထင်တဲ့သူ ဆိုရင် ဇက်ပိုးကို ဖြတ်အုပ် တာတို့ နံနှစ်ဖက်ကို လက်ဖနောင့်နဲ့ ညှပ်ရိုက်တာတို့ လုပ်ပါတယ်။
(ဒီလိုလုပ်တာဟာ ကျနော်တို့ရဲ့ မဟုတ်မခံ လူငယ် စိတ်ဓာတ်ကို တမင်ဦးချိုး လိုက်တာပါ)

ပြီးတော့မှ သင်တန်းမှူး ဆရာကြီးတင်ရွှေ ကိုတန်းအပ်ပါတယ်။
ဆရာကြီးတင်ရွှေက ကျနော်တို့ရှေ့မှာ ဟန်ပါပါ ခါးထောက် ရပ်ပြီး “မင်းတို့ ရန်ကုန်မှာ ကတည်းက ငါ့နာမည်ကို ကြားဖူးကြ လိမ့်မယ်။

ရေတပ်သင်တန်း ကျောင်းတွေမှာ ချီးပုံး တင်ရွှေဆိုရင် မသိတဲ့လူ မရှိဘူး။
အဲဒါ ငါပဲ။
ဒီတော့ ငါပြောချင်တာ မင်းတို့ရဲ့အရပ်ထဲက သောက်ကျင့် တွေကို တပ်ပြင် ခြံစည်းရိုးမှာ ချိတ်ထားခဲ့။
ခုချိန်မှာ မင်းတို့ကို တပ်မတော်က ပိုင်သွားပြီ” လို့အစချီပြီး သင်တန်းမှာ လိုက်နာရမယ့် စည်းကမ်း ချက်တွေကို ဖတ်ပြပါတယ်။

နောက်တစ်နေ့ကစပြီး ကျနော်တို့တတွေ အခြေခံ စစ်ရေးပြ ဘာသာရပ်ဖြစ်တဲ့ လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်ကို စတင် သင်ကြားရ ပါတယ်။
သင်တန်းကာလ တစ်လျောက်လုံး မနက် လေးနာရီခွဲ အိပ်ယာ ထချိန်ကစပြီး ညမီးပိတ်အိပ်ချိန်(၁၀) နာရီအထိ သင်ခန်းစာတွေ လုပ်အားပေးတွေနဲ့
အချိန်လုပြီး လှုပ်ရှားရတာပါ။

သင်တန်းမှာအပြေးတက်ပဲရှိပါတယ်။
အေးအေးဆေးဆေး လမ်းလျှောက်ရတယ်ဆိုတာမရှိပါ။
ညပိုင်းမှာတော့ ညနေ(၆)နာရီကနေ နောက်နေ့မနက်(၄)နာရီအထိ တပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရ ပါတယ်။

သင်တန်းကာလမှာ တသက်စာအမှတ်ရစေတဲ့ ဖြစ်ရပ်တွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။
မနက်(၄)နာရီ ခွဲမှာအိပ်ယာထရပြီး (၅)နာရီမှာ PT ပြေးရတာဆိုတော့ ကျနော်တို့အတွက် အပေါ့အလေး သွားဖို့ အချိန် နာရီဝက်ပဲရပါတယ်။
ကျနော်တို့အတွက်ဆောက်ပေးထားတဲ့ အိမ်သာက (၁၀)ယောက်စာ တောက်လျှောက် အိမ်သာပါ။
ဆောင့်ကြောင့်ထိုင်လို့ရရုံ အကွာအဝေးထားကာ ၀ါးလုံးတန်းနှစ်ခုကို အရှည်လိုက် ခင်းထားပြီး အောက်မှာ မြေကျင်းတူးပေးထားပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်အကြား ဘာအကာအရံမှမရှိပါ။
အရှက်ကြီးသူတွေအဖို့ အစပိုင်းမှာ အတော့ကို ဒုက္ခရောက်ရပါတယ်။
သင်တန်းသားက(၂၀၀)ကျော်ရှိတာမို့ (၁၀)ဦးစာအိမ်သာတစ်လုံးနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး။
မနက်အိပ်ယာထချိန်မှာ ပိုပြီးဆိုးပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ပြဿနာပေါ်ပါတော့တယ်။
မနက်ပိုင်းသင်ခန်းစာတွေပြီးလို့
နေ့လည်ထမင်းစား တန်းစီတဲ့အခါ ဆရာတင်ထွဋ်က တပ်စုတစ်စုချင်းအိမ်သာဘေးက ကုက္ကိုပင်ကြီးအောက်ကို ခေါ်သွားစေပါတယ်။
အားလုံးစုံတဲ့အခါ ကုက္ကိုပင်ခြေရင်းက ဧရာမ မစင်ပုံကြီးကိုလက်ညှိုးထိုးပြပြီး ဘယ်သူ့လက်ချက်လည်း စစ်မေးတော့ လက်သည် မပေါ်ပါ။

စစ်တပ်ဆိုတာ တစ်ယောက်မကောင်းအများ မဟုတ်လား။
သင်တန်းသားအားလုံး ညာလက်ညှိုးနဲ့ တစ်ယောက်တစ်ကော်ကော်ပြီး ရွှေ့ရပါတော့တယ်။
စစ်သည်နှစ်ရာကျော်ရဲ့လုပ်အားကြောင့် မစင်ပုံကြီးအစအနမရှိအောင်ပျောက်သွားပြီး ၀က်စာပုံးကြီးလည်း ပြည့်လျှံသွားပါတယ်။
(တမင်အကျင့်ယုတ်တာ..ထမင်းစားတဲ့လက်နဲ့ကော်ခိုင်းပြီး လက်ဆေးခွင့်လည်းမပေးပါ)

မနက်စောစောPT ပြေးချိန်မှာတော့ တပ်မတော်ဆောင်ပုဒ်တွေ တစ်ခုပြီးတစ်ခု စည်းချက်ညီညီ အသံကုန် ဟစ်ပြီး ဆိုရပါတယ်။
ဆောင်ပုဒ်ဆိုတာတိုးလို့ လမ်းဘေးကိုငေးလို့ ဆိုပြီး လူရှေ့သူရှေ့မရှောင် အပြစ်ပေးခံရတာလည်း မနည်းပါ။
မှတ်မှတ်ရရ တစ်ခုကတော့ လက်ခုပ်သံတိုးလို့ဆိုပြီး ကတ္တရာလမ်းမျက်နှာ ပြင်ကို လက်ဖ၀ါးနဲ့ရိုက်ခိုင်းတယ်။
တစ်ကြိမ်နဲ့မပြီး နှစ်ကြိမ်နဲ့မပြီး။ ကြာတော့ ဒေါသကိုမထိန်းနိုင်တော့တဲ့ ရဲဘော်တစ်ယောက် ကတ္တရာလမ်းကို
အသားကုန်ရိုက်ချလိုက်တာ လက်ဖ၀ါး ဟက်တက်ကွဲ သွားပါလေရော။

ဒါတောင် PT ဆရာက သူ့ကိုအရွဲ့တိုက်တာလို့ အပြစ်တင်လိုက်သေးတယ်။
ရေတပ်မှာက သင်တန်းဆရာ လုပ်ချင်တဲ့သူ အင်မတန် နည်းပါတယ်။
သင်တန်းဆရာဘ၀ကို မကျေနပ်စိတ်ကလည်း သင်တန်းသား တွေဆီကို ရောက်လာ တတ်သေးတယ်။

စိတ်လှုပ်ရှားရဆုံး အတွေ့အကြုံတစ်ခုကတော့ ခရီးရှည်ချီတက်ခြင်း(LRB) သင်ခန်းစာမှာပါ။
အဲဒီသင်ခန်းစာ လေ့ကျင့်တဲ့အခါ ပုသိမ်မြို့ အနောက်ပိုင်း ချောင်းသာကမ်းခြေဖက်ဆီကို သွားရပါတယ်။
တောင်တွေတက်လိုက်ဆင်းလိုက် တောလမ်းသွားရလိုက်နဲ့ အတော်ပင်ပန်းပါတယ်။

ခရီးတစ်ထောက်နားတဲ့ နေရာရောက်တော့လည်း ချက်ပြုတ်ရေး နားခိုရေး တာဝန်ကိုယ်စီ ယူကြရတယ်။
ဒီလိုနဲ့ တစ်နေရာအရောက်မှာ တော့ မတ်စောက်နေတဲ့ တောင်ကြီးကိုတက်ရမှာ တုံ့ဆိုင်းနေကြတယ်။
သူ့ကိုယ်ကြည့် ကိုယ့်သူကြည့် ဘယ်သူစပြီး တက်မှာလည်းပေါ့။

အဲဒီအချိန်မှာ သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး
လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူး သန်းအောင်ရဲ့ အမိန့်သံစူးစူးဝါးဝါးကိုလည်း ကြားလိုက်ရတယ်။“အားလုံးကျားထိုးတက်ကြ”။
ကျနော်နဲ့ မလှမ်း မကမ်းက သူငယ်ချင်းတစ်ယာက် မှောက်လျက်ကြီးလဲလို့။
သူ့ဘောင်းဘီမှာလည်း ချွေးမဟုတ်တဲ့ ရေစီးကြောင်းကြီး။ နောက်မှ သိကြရတယ် ။
သေနတ်ကျည်ဆံက သူ့ပေါင် အောက်တည့်တည့်က ဖြတ်သွား တာကိုး။

အတိုချုပ်ပြောရရင်တော့ ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ (၅)လတာ တပ်သားသစ်အခြေခံသင်တန်းကြီး အောင်မြင်စွာ ပြီးဆုံးသွားတယ် ပေါ့ဗျာ။

အရပ်သားစိတ် ဘယ်လောက်ပျောက်သွားပြီလဲ၊
စစ်သားပုံဘယ်လောက် ပေါက်နေပြီလဲ ဆိုတာတော့ ကိုယ့်ကိုယ်ကို မဝေခွဲတတ်ခဲ့ပါဘူး။
လေ့ကျင့်ရေးဌာနချုပ်ကို ပြန်ရောက်ပြီး ခွင့်(၁၀) ရက်ရတာမို့ မိသားစုရှိရာကို အပြေးပြန်လာခဲ့ပါတယ်။
အိမ်ရောက်တဲ့အခါ အမေက ကျနော့ကို အကြာကြီးစိုက် ကြည့်နေပြီး သူ့ပါးပြင်မှာ
မျက်ရည်တွေ တလိမ့်လိမ့် စီးကျ လာတာကို မြင်ရတော့ ကျနော် ဘယ်လိုအားတင်းပြီး ဣနြေ္ဒ ဆည်နိုင်တော့မှာလည်းဗျာ…။

(နေမင်းသူ...စစ်သည်ဟောင်း)
  25,Mar , 2011

 
 
 
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
 
 
 
 

 

 



 (  ကျန်းမာ ၍ ချမ်းသာ ပျော် ရွှင် နိုင် ပါ စေ )


 

 < <    ~     @   ♠   ~    YoU & I can share the Silence   Finding Comfort together    THE WAY OLD FriendS DO   ♥     and  After  Fight  and  WORDS of Violence   We make up with each other THE WAY OLD FriendS D  ♥     I  don't  care   what  comes  tomorrow   ♥   we   can  face  it   together   ♥  THE   WAY   OLD  FriendS   DO     @    ~   :)   ♥